့
သွေးပူ နေတုန်းက
အေးတူ ပူုမျှ
ဖေးကူ ထူမ
တွေးပု ငိုရ
ခုတော့ ဟာသ … ။
မောင်ငယ်
Wednesday, 11 November 2009
" ပြက်လုံး "
Posted by mgngal at 03:15 5 comments Links to this post
Labels: အတိုဆုံး ကဗျာများ
Thursday, 15 October 2009
“ ချစ် ခင် စုံ မက် သဖြင့် ”
့
နုထွားပျိုမြစ် ကိုလိုနီလက်သစ်မလေးရေ
ကျည်တစ်တောင့် မဖောက်ပဲ
မင့် မျက်ဝန်းမျက်ဖန်အောက်
ပြားပြားမှောက်ကုန်သော မြေပိုင်ရှင်များ
ဟောတစ်ယောက် ဟောတစ်ယောက်
များ … များလွန်းလှချည့်
ကိုယ့်နှလုံးသားကလည်း
မွေးရာပါ ကျန်းမာလေတော့
အသစ်စက်စက် ပင်ပေါင်လုံးလိုပ
တရစပ် လွတ်ခုန်
ကိုယ့်နယ်မြေသစ်တွေလည်း ဆုံးရှုံးကုန်ပါပြီကွယ်
ကျန်နယ်မြေများစွာ
ငဲ့ကွက်စွာ လွတ်လပ်ခွင့်ပေးလို့ 
ကိုယ့်နယ်မြေတ၀ိုက်ကိုပဲ
ရက်စက်စွာ သိမ်းပိုက်ပါတော့
ရာသက်ပန်ပေါ့
ကိုလိုနီလက်သစ်မလေးရေ
မင့် သစ္စာတော်ခံယူကြောင်း
ရင်ခုန်သံ သက်သေအကောင်းစားများ
လက်ဆောင်ပဏ္ဍာ ဆက်သလိုက်ပါကြောင်း ... ။
မောင်ငယ်
Posted by mgngal at 03:19 7 comments Links to this post
Labels: ခံစားမှု ကဗျာများ
Thursday, 17 September 2009
“ မရေမတွက်နိုင်သော ”
့
မိုးစက်လေးတွေ တဖျောက်ဖျောက်
ရေပြင် မြေပြင်ပေါ် ကျနေသံကြားတယ်
မိုးစက်တွေက များတော့
ဘယ်အသံက ဘယ်မိုးစက်ကမှန်း မသိနိုင်ပေဘူး
အသံကြားနေတာပဲ သိတယ်
တဖျောက်ဖျောက် ကျနေသံပဲ ကြားတော့တယ်
ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ
တချစ်ချစ် မြည်နေသံကြားတယ်
ဆဲလ်လေးတွေက များတော့
ဘယ်အသံက ဘယ်ဆဲလ်ကမှန်း မသိနိုင်တော့ဘူး
အသံကြားနေတာပဲ သိတယ်
ကောင်မလေးရယ်
နည်းနည်းနောနော အချစ်တွေလားကွယ် … ။
မောင်ငယ်
Posted by mgngal at 23:15 13 comments Links to this post
Labels: ခံစားမှု ကဗျာများ
Monday, 14 September 2009
"မိုက်တီး"
့
လောကကြီးကို အထက်စီးကနေ လက်သီးနဲ့ ဆင့်ထိုး
လောကဓံကို အဖက်မတန်သလို ဆက်ဆံ
ကံကြမ္မာကို အပြန်တစ်ရာ ကုလားဖန်ထိုး
အိုဗျာ..... ရှင်းရှင်းပဲပြောမယ်
ကျုပ် သူခိုး ဂျပိုး မဟုတ်ဘူး ... ။
မောင်ငယ်
Posted by mgngal at 06:59 5 comments Links to this post
Labels: အတိုဆုံး ကဗျာများ
Friday, 11 September 2009
“ ခွင့်လွှတ်ပါ ”
့
သားရေကို လိုချင်လို့ 
သားရဲတွေနဲ့ ပစ်ခတ်သတ်ပုတ်ခဲ့ဖူးတယ်
ရွှေသမင်မလေးရယ်
ကိုယ့်ရိုင်ဖယ်ကို မင်းလက်တွင်း အပ်နှင်းပါတယ် … ။
သားမွှေးကို လိုချင်လို့ 
သိုးလေးတွေ မွေးမြူခဲ့ဖူးတယ်
ယုန်ဖြူမလေးရယ်
ကိုယ့်အသွေးနဲ့ အသားက မြက်ခင်းစိမ်းစိမ်းလေးပါ … ။
မင့်အချစ်ကို လိုချင်လို့ 
ကိုယ့်နှလုံးသားကိုပါ
အဆစ်ထည့်ပေးလိုက်မိတာပါကွယ် … ။
မောင်ငယ်
Posted by mgngal at 08:00 5 comments Links to this post
Labels: ခံစားမှု ကဗျာများ
Wednesday, 9 September 2009
“ စိမ်းရက်လေခြင်း ”
့
နင်မနှစ်သက်တော့
ငါ့အချစ်က ကြော်ငြာအားကောင်းပြီး
စားသုံးသူ မရှိတဲ့ ကုန်ပစ္စည်း တခုလို
နင်လက်မခံတော့
ငါ့ဂရုစိုက်မှုတွေက လမ်းမှာကျပျောက်သွားတဲ့
ပေးစာတစ်စောင်လို
နင်အဖက်မလုပ်တော့
ငါ့ကဗျာတွေက ခြောက်လုံးလုံးလွဲတဲ့
အောင်ဘာလေ ထီလက်မှတ်တစောင်လို
နင်ဥပေက္ခာပြုတော့
ငါက ဘာသိဘာသာ ဖြတ်ကျော်သွားခြင်းခံရတဲ့
ကြားဘူတာလေးတခုလို
ကောင်မလေးရေ
ငါရဲ့ နွေအိုအိုထဲက
မီးဖိုလေးကိုတော့ မီးငြိမ်းပေးခဲ့ပါ
မောင်ငယ်
Posted by mgngal at 02:27 10 comments Links to this post
Labels: ခံစားမှု ကဗျာများ