CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, 2 February 2009

"မြစ်ကျိုးအင်း"


မခွဲခွာရခင် အထိတော့
တို့ အတူ စီးဆင်းခဲ့ကြတာပဲ မဟုတ်လား …
ဒီအချိုးကို အရောက်မှာ
နင်ကွေ့ တယ် …
သံယောဇဉ် လက်တစ်ဆုပ်စာနဲ့ 
ချွေးသိပ်ထားခဲ့ …
နုန်းတင်မြေနုလွင်ပြင်တစ်ခုဟာ
ဗီလိန်ပေါ့ …
ငါ့မှာ နင်စီးဆင်းသံကြားရက်နဲ့ 
ငြိမ်သက်နေရတဲ့ ဘဝ …
ဘယ်တော့များမှ ငါ့ကမ်းစပ်ကို
နင်ပြန်လာ နမ်းပါ့မလဲ … ။

မောင်ငယ်

12 comments:

Pinkgold said...

အနမ်းခံဖို့ စောင့်နေတယ် ဆိုပါကလား

မီးမီးငယ် said...

ငါ့မှာ နင်စီးဆင်းသံကြားရက်နဲ့ 
ငြိမ်သက်နေရတဲ့ ဘဝ …
ဘယ်တော့များမှ ငါ့ကမ်းစပ်ကို
နင်ပြန်လာ နမ်းပါ့မလဲ … ။

မိုက်တယ်ဟေ့
ခုမှပထမဆုံး လာလည်ဘူးတာပါ။

လွမ်းလုင် said...

ဇွဲရှိရှိသာ စောင့်နေ... တစ်နေ့လာ နမ်းလိမ့်မယ်...

မွန် said...

ကဗျာတွေ အကုန်နီးပါးလှန်ပြီး ဖတ်မိတယ်
ခံစားချက်တွေနဲ့ အသက်သွင်းထားမှန်းသိသာလိုက်တာ စကားလုံးထက် ခံစားမှုဝိညာဉ်က ပိုအားကောင်းနေတာ ကဗျာတိုင်းမှာတွေ့ရတယ်
မြစ်ကျိုးအင်းကိုတော့ ဖတ်ပြီးကျင်ဆတ်ဆတ်ခံစားလိုက်ရတယ် ဘယ်တော့များမှ ငါ့ကမ်းစပ်ကို နင်ပြန်လာနမ်းပါ့မလဲ တဲ့

အိမ် said...

တယ်ဆိုတဲ့ကဗျာလေးပါလား။မိုက်တယ်ဗျာ
ခံစားသွားတယ်ဗျို့

BLACK DREAM said...

စဉ်းစားမိတယ် အစ်ကိုကမ်းစပ်လဲ ဘယ်တော့မှ အနမ်းခံရပါ့မလဲလို့...။

BLACK DREAM said...

နောက်တစ်ခေါက်ထပ်ဖတ်ပြီး ထပ်ကြိုက်လို့ ထပ်ရေးတယ်..။ ရေလည်မိုက်တယ်...။

မခွဲခွာရခင် အထိတော့
တို့ အတူ စီးဆင်းခဲ့ကြတာပဲ မဟုတ်လား …
ဒီအချိုးကို အရောက်မှာ
နင်ကွေ့ တယ် …
သံယောဇဉ် လက်တစ်ဆုပ်စာနဲ့ 
ချွေးသိပ်ထားခဲ့ …
နုန်းတင်မြေနုလွင်ပြင်တစ်ခုဟာ
ဗီလိန်ပေါ့ …

ညိမ်းညို said...

ညီလေးရေ
နေကြာရိုင်းမှာထဲကရင်း ဖတ်ရတယ် ကြိုက်တယ်
အခု ထပ်ပီးဖတ်ခွင့်ကြုံတယ် ကြိုက်တာပဲ

ဝေး ညီရေ ပြောင်းထားတဲ့ အရေခွံကလဲ မိုက်တယ်ကွ :)

Mhu Darye said...

အခေါက်ခေါက် ပြန်ဖတ်မိတယ်။ ရိုးမသွားဘူး။ ^-^ အဲဒါကြောင့် ကောမန့် ၀င်ရေးသွားတယ်...။

အိုင်လွယ်ပန် said...

နင်စီးဆင်းသံကြားရက်နဲ့
ငြိမ်သက်နေရတဲ့ဘဝ ....
ထိတယ်ဆရာသမားရာ .......

မောင်ခင်လေး said...

ကဗျာလေး ကြိုက်တယ် ကိုမောင်ငယ် :)

ကြယ်ပြာ said...

ဒုတိယမြောက်ဖတ်တဲ့တစ်ပုဒ်ပဲ ... တစ်ပုဒ်လုံးကောင်းတယ် ...