CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, 8 March 2009

"ချစ်သူ့ ပါးပြင်ပေါ်မှ မွှေးညှင်းစိမ်းများ အကြောင်း"


အဖြေလွှာမစစ်သေးတဲ့ ကောင်မလေးရေ
ခုထိ အောင်စာရင်းမထွက်ပေးသေးဘူးလားဟာ
ကျောင်းမှာ နင် ကဗျာလွတ် က တုန်းက
ငါ့မှာ မဆီမဆိုင် ကဗျာတွေ လွတ်ကျလို့ ကျ
နင်ကတော့ ပြောတယ် ... နင့်ကဗျာတွေ ရယ်ရတယ်တဲ့  ... ။

အဲ့ဒီနေ့  မနက်ခင်းက
နေခြည်တွေ ခုန်ပေါက်ပြေးဆင်း
နင့်ပါးပြင်ပေါ် ပိုင်စိုးပိုင်းနင်းနဲ့ လေ
ဝန်တိုခြင်းဆိုတာ အဲ့ဒီကစ ငါရင်းနှီးခဲ့ရတာပေါ့ ... ။

နေခြည်အလဲ့ လေအသွဲ့ မှာ
ကပိုကရို ယိမ်းနွဲ့ သွားတဲ့
နင့်ပါးပြင်ပေါ်က မွှေးညှင်းစိမ်းများပဲပေါ့
ငါ့ရင်ခုန်သံတွေကို စနစ်တကျ ကမောက်ကမ ဖြစ်စေခဲ့တာ ... ။

မောင်ငယ်

P.S => ဒီကဗျာက “နွေရဲ့ ပန်းကဗျာ" ဆိုတဲ့ ကဗျာရဲ့ နောက်ဆက်တွဲပါ ။ :)

15 comments:

Mhu Darye said...

ကဗျာလေးက ချစ်ဖို့ ကောင်းတယ်။
ကဗျာဆရာလေးကို အဲဒီ့ ကောင်မလေး မြန်မြန် အောင်စားရင်း ထွက်ပေးပါစေ!
^-^

မောင်ခင်လေး said...

အော်အော် လက်စသတ်တော့ ကိုမောင်ငယ်က အောင်စာရင်းမျှော်နေတာကိုဗျ ဟဟ ဒီလူကြီးသေချာကြည့်ပုံပဲ ပါးပေါ်က မွှေးညှင်းတောင် အလွတ်ပေးဘူး လူဆိုး :P ကဗျာလေးခံစားသွားတယ်ဗျိုး
ကောင်းသောနေ့ :)

အိုင်လွယ်ပန် said...

ကဗျာလေးလှသဗျာ ...

ကြက်သီးထစရာလည်းကောင်း ....:P

တင့်ထူးရွှေ said...

ဂါဂါ :-)
တကယ်ကြီးကို ဟုတ်နေပါလား ။
အစ်ကို့အကြိုက်ကဗျာစာရင်းထဲကို ဒီကဗျာလေးထည့်လိုက်ပြီ ၊ အားလုံးအဆင်ပြေ ချောမွေ့ပါစေ ၊ ချစ်ဂါ ..။ ။

မသက်ဇင် said...

အဲ့ဒီနေ့  မနက်ခင်းက
နေခြည်တွေ ခုန်ပေါက်ပြေးဆင်း
နင့်ပါးပြင်ပေါ် ပိုင်စိုးပိုင်းနင်းနဲ့ လေ
ဝန်တိုခြင်းဆိုတာ အဲ့ဒီကစ ငါရင်းနှီးခဲ့ရတာပေါ့ ... ။

အော်----နေခြည်တွေကိုတောင် သဝန်တိုခဲ့တာကိုး---
အောင်စာရင်းလေးအမြန်ထွက်ပါစေ--

မွန် said...
This post has been removed by the author.
မွန် said...

မွေးညင်းစိမ်းတွေ အရေးပါလိုက်ပုံများ
အားကျရမလို
မနာလိုရတော့မှာလိုလို
လွတ်ကျတဲ့ကဗျာတွေကိုပဲ
ကဗျာလွတ်တီးလုံးသံမဆုံးခင်
လိုက်ကောက်ရတော့မလိုလို
အင်း စန်စတကျနဲ့ ကမောက်ကမ တကယ်ပါပဲ

ဆောင်းယွန်းလ said...

တယ်ကဗျာဆန်တဲ့ ကဗျာလေးပါလား ညီမောင်ငယ်ရေ..
ကဗျာလေးကောင်းတယ်...

လွမ်းလုင် said...

အောင်မြင်ပါစေ... အောင်ပါစေ...
မွှေးစိမ်းညှင်းလေးတွေနဲ့ နီးစပ်ပါစေ... ဒါပဲ...။

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေး အရမ်းလှတယ်..
စာမေးပွဲ အောင်ရုံမက ဂုဏ်ထူးပါ ထွက်ပါစေနော်..

ကောင်းကင်ကို said...

ငါ့ရင်ခုန်သံတွေကို စနစ်တကျ ကမောက်ကမ ဖြစ်စေခဲ့တာ ... ။

စနစ်တကျ ကမောက်ကမ တဲ့။ တွဲသုံးထားတာ လှတယ်။ ကဗျာတစ်ပုဒ်လုံး လှပါ့။

ညိမ်းညို said...

အောင်စာရင်းစောင့်ရင်း
မွှေးညှင်းစိမ်းလေးတွေကို ရေသွားတယ်ဝေ့ :D

ညိမ်းညို said...

အောင်စာရင်းစောင့်ရင်း
မွှေးညှင်းစိမ်းလေးတွေကို ရေသွားတယ်ဝေ့ :D

Mhu Darye said...

စုစုပေါင်း ဘယ်နှစ်ချောင်း လည်း ကိုညိမ်း? အဟတ်..ဟတ် ^-^
မွေးစိမ်းလေးတွေ ပြောတာပါ။

Mhu Darye said...

စုစုပေါင်း ဘယ်နှစ်ချောင်း လည်း ကိုညိမ်း? အဟတ်..ဟတ် ^-^
မွေးစိမ်းလေးတွေ ပြောတာပါ။