CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, 13 April 2009

"နှစ်နှောင်းပန်း"


အကြို ၊ အကျ ၊ အကြက် ၊ အတက်
အားလုံးပဲ ချဉ်ခြင်းတက်နေကြပြီ
"သင်္ကြန်" ... ။

တမြေဝေးတော့ တထွေ လွမ်းနေမိတာက
"ပိတောက်" ... ။

ပိတောက်ပွင့်ဖတ်တွေလေ ...
သင်္ကြန်ရဲ့  သရုပ်ကို အဟုတ်ပီပြင်စေဖို့ 
ဘယ်လိုဘယ်ပုံ
အပြိုင်အဆိုင် ဖူးကြပွင့်ကြမယ် ဆိုတဲ့အကြောင်း
ဒီညမှာ တီးတိုးတိုင်ပင်နေကြရှာရောပေါ့ ... ။

ဘယ်လောက်အနွံအတာခံတဲ့ ပိတောက်တွေလဲကွယ်
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်စွဲတွေမှာမှ
ပြာယာခတ်ပွင့်ပေးနေလိုက်ပုံများ
တပင်လုံးဝါထိန်သွားအောင် ... ။

သူသူကိုယ်ကိုယ် ဒီလိုဒီလို တမ်းတနေကြပါတယ်
ပိတောက်ပန်းလေးရယ် ... ။

မောင်ငယ်

6 comments:

အမရာ said...

တပုဒ်လုံးဝါထိန်နေအောင်ကောင်းပါတယ်......

မောင်ခင်လေး said...

ပိတောက်ပန်းလာ ခူးသွားတယ် ကဗျာဆရာ :)
ကောင်းသောနေ့ပါ :)

ရွှေပြည်သူ said...

“ဘယ်လောက်အနွံအတာခံတဲ့ ပိတောက်တွေလဲကွယ်
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်စွဲတွေမှာမှ
ပြာယာခတ်ပွင့်ပေးနေလိုက်ပုံများ
တပင်လုံးဝါထိန်သွားအောင် ... ။”

သိပ်လှတဲ့ အဖွဲ့ပါပဲ မောင်ငယ်ရေ... ဟုတ်ပါရဲ့ အခုမှ အဲဒီအတွေး တွေးမိတော့တယ်...

မသက်ဇင် said...

ကဗျာလာဖတ်တယ်မောင်ငယ်ရေ
နှစ်သစ်နှင့်အတူပျော်ရွှင်ပါစေ

မွန် said...

ပိတောက်တွေ နှစ်နှောင်းပန်းဆိုရင် ဒီနှစ်ကိုမြန်မြန်ကုန်စေချင်တယ် ဒါမှမဟုတ် နောက်တစ်နှစ်မစစေချင်တော့ဘူး တင်စားထားတာ သိပ်လှလို့ ဖတ်ပြီး ပိတောက်ကို သနားအားနာ မျက်နှာပူ ပိုချစ်သွားတယ်

ကြယ်ပြာ said...

ဒီအပိုဒ်လေး ကြိုက်လိုက်တာ မောင်ငယ်ရေ ...

“ဘယ်လောက်အနွံအတာခံတဲ့ ပိတောက်တွေလဲကွယ်
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်စွဲတွေမှာမှ
ပြာယာခတ်ပွင့်ပေးနေလိုက်ပုံများ
တပင်လုံးဝါထိန်သွားအောင် ... ။”