CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday, 18 July 2009

“စားချက်”


ကဗျာဆရာတစ်ယောက်ရဲ့  ကဗျာကို
ကဗျာဆရာတစ်ယောက်က စားသုံးပြီးတဲ့နောက်
ရသ ကို အရေညှစ်သောက်ပစ်လိုက်တယ်

ကဗျာစားသုံး အပြီး ကဗျာချက်လုပ်ဖို့ 
ခံစားမှုအသစ်နဲ့  လမ်းလျှောက်အထွက်
စကားလုံးနဲ့  အကြောင်းအရာတို့ က
ခပ်ရို့ ရို့ လက်ဆွဲနှုတ်ဆက်တယ်

စကားလုံးနဲ့  အကြောင်းအရာတို့ ကို
အစီအစဉ်တကျ ပြင်ဆင်ပြီး
အကြောင်းအရာ တစ်ခုထဲကို
စကားလုံး အသင့်အတင့်
ထည့်ခတ်လိုက်တဲ့ အခါ
ကဗျာတစ်ပုဒ် ချက်ပြုတ်ပြီးစီးသွားပြီ ဖြစ်တယ်

ပြီးတော့ ဒီလိုပြောမယ် …
‘လာကြပါ .. လာကြပါ ပူပူနွေးနွေး သုံးဆောင်ကြပါ ‘

ကဗျာဆရာတစ်ယောက်ရဲ့  ကဗျာကို
ကဗျာဆရာတစ်ယောက်က စားသုံးပြီးတဲ့နောက်
ရသ ကို အရေညှစ်သောက်ပစ်လိုက်တယ်

အဲဒီကဗျာဆရာကလည်း
ကဗျာစားသုံး အပြီး …………………………… ။

မောင်ငယ်

7 comments:

မွန် said...

တော်တော်လေးနက်နဲ့ ကဗျာပါပဲ
ကဗျာတွေရဲ့ ဇီဝဖြစ်စဉ်ဆိုမလား
ရသတွေစားသုံးသွားပြီး ရသတွေပြန်အန် ရသရိပ်မြုံတည်တဲ့ ဇီဝဇိုးငှက်တွေဟာ ကဗျာဆရာတွေပေါ့

မောင်ခင်လေး said...

ကိုမောင်ငယ်ရေ မရောက်ဖြစ်တာအတော်ကြာပီဗျ :)
နွေရာသီကျောင်းလည်နေတာ :)
ကဗျာတွေ လာဖတ်သွားတယ်ဗျာ ကောင်းသောနေ့ပါ
:)

အိမ် said...

ရသကို အရည်ညုစ်သောက်ပစ်လိုက်ပြီဆိုတော့ သေချာပြီ ဆီးသွားမှာ.....။
အဟီးဟီး နောက်တာနော် ကဗျာစားသုံး အပြီးဆိုတော့ အဲဒါလေး သွားမြင်မိလို့ပါနော်။ စိတိမဆိုးနဲ့ အဟီး

ဆောင်းယွန်းလ said...

စားသုံးပြီးအရည်ညှစ်သောက်ဖို့
ကဗျာဆရာတယောက်ရဲ့ဥယျာဉ်ကို
တယောက်ကဝင်လာခဲ့တယ်
ပြီးတော့....စကားလုံးတချို့ထားခဲ့ပြီး
ပြန်ထွက်သွားခဲ့လေတယ်

အိုင်လွယ်ပန် said...

ရသ ကို အရည်ညှစ်သောက်ပြီးသွားပြီ ..
အခု ကဗျာချက်နေတယ် ..
ရရင် ပူပူနွေးနွေး စားဖို့ လာခေါ်မယ် :)
အတွေးလေး ကောင်းတယ်ဗျ ...
ကောင်းသောနေ့ပါ ဆရာသမား :)

မင်းကျန်စစ်။ said...

အကြံကုန်လို့ ဂဠုန်ဆားချက် မဟုတ်ပဲ စားပီး နှပ်မနေပဲ ပြန်ချက်တဲ့သဘောကို ကြိုက်တယ်။ ဖော်ကျူးချင်တဲ့ ကဗျာဒီဇိုင်းလေးကို မြင်သာစေတယ်။
အကိုလဲ စားပြီးတိုင်း ပျင်းမနေပဲ အဆက်မပြတ် ပြန်ချက်ဖို့ စိတ်ကူးရမိတယ် ညီရေ..။
TGRmg

ဖြိုးငယ် said...

ညီလေးရေ ..
ကဗျာလာစားသွားပြီဟေ့