့
ဒီမှာ ဒီမှာ
ဘယ်သူတွေ
ကိုယ်အရိုးကိုယ်ထုတ်
စွပ်ပြုတ်လုပ် သောက်ဖူးသလဲ ....
ဘယ်သူတွေ
ကိုယ့်အရေ ကိုယ်ဆုတ်
ဝတ်စုံချုပ် ၀တ်ဖူးသလဲ ...
ဘယ်သူတွေ
ကိုယ့်နှလုံးသား ကိုယ်ထုတ်
နှိုးစက်လုပ် သုံးဖူးသလဲ ...
ဘယ်သူမှ မရှိဘူး
ဒီလိုတော့ ရှိသေးတယ်
သူတို့ တွေ
ကိုယ့်ခန္ဓာ ကိုယ်ရောင်း
ဘ၀ကို အဆင်ပြေသလို စာလုံးပေါင်းကြတယ် ... ။
မောင်ငယ်
Why Commas Really Do Make A Difference!
5 hours ago
3 comments:
ဒီကဗျာလေးအရမ်းကောင်းတယ်
အဓိပ္ပါယ်ပေါ်သွားတဲ့အချိန် ရင်ထဲမှာ နင့်ကနဲပဲ
ဒီကဗျာလေး ကြိုက်တယ်..
အဲဒီစာလုံးပေါင်းတွေမှာ
တစ်ဘဝလုံးစာ အမှောင်တွေ
ပါသွားကြတယ်ဆရာသမားရေ ......။။
Post a Comment