CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday, 17 September 2009

“ မရေမတွက်နိုင်သော ”


မိုးစက်လေးတွေ တဖျောက်ဖျောက်
ရေပြင် မြေပြင်ပေါ် ကျနေသံကြားတယ်
မိုးစက်တွေက များတော့
ဘယ်အသံက ဘယ်မိုးစက်ကမှန်း မသိနိုင်ပေဘူး
အသံကြားနေတာပဲ သိတယ်
တဖျောက်ဖျောက် ကျနေသံပဲ ကြားတော့တယ်

ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ
တချစ်ချစ် မြည်နေသံကြားတယ်
ဆဲလ်လေးတွေက များတော့
ဘယ်အသံက ဘယ်ဆဲလ်ကမှန်း မသိနိုင်တော့ဘူး
အသံကြားနေတာပဲ သိတယ်
ကောင်မလေးရယ်
နည်းနည်းနောနော အချစ်တွေလားကွယ် … ။

မောင်ငယ်

13 comments:

သက်ထွန်းညိမ်း said...

မနည်းမနောပါလားညီ

အိုင်လွယ်ပန် said...

ဟုတ်ပါ့ ဆရာသမားရေ ..
နည်းတာ ကြီးမှမဟုတ်တာ နော :)

(ဆဲလ်လေးတွေ ပြောပါတယ် :))
အမှတ်ယူနေပုံက လန်းသဗျို့ ...:)

Vigor said...

Love to read those စိတ္တဇဆန်ဆန် writing..appreciate it..

နွေညို said...

တစ်သက်လုံး စားမကုန်မဲ့အချစ်တွေ . . . ကိုမောင်ငယ်ရဲ့ကြင်ယာဖက်ကတော့ ကံကောင်းလိုက်တား)

ကဗျာလေးလှတယ်

အမရာ said...

လွန်လွန်းတယ်....
တကတည်းတော်....
ကဗျာလေးလန်းတယ်.....

ဖြိုးငယ် said...

ကောင်းလှချည်လား ...
ဥပမာပေး စပ်သွားပုံလေးက တော်တော်လှတယ်ကွာ ..

ဆောင်းယွန်းလ said...

ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ
တချစ်ချစ် မြည်နေသံကြားတယ်
ဆဲလ်လေးတွေက များတော့
ဘယ်အသံက ဘယ်ဆဲလ်ကမှန်း မသိနိုင်တော့ဘူး
အသံကြားနေတာပဲ သိတယ်
ကောင်မလေးရယ်
နည်းနည်းနောနော အချစ်တွေလားကွယ်

ရေးတတ်ပုံများ...ရိုးရိုးလေးနဲ့လှနေတော့တာပဲညီလေးရေ

ရွှေပြည်သူ said...

ဖတ်ပြီး အရမ်းပြုံးမိသွားတယ်... မောင်ငယ်ကတော့ ထုံးစံအတိုင်း ရေးတတ်ပါ့း)

စိုင်းလောဝ်ပိန်း said...

ကောင်းလှချည်လားဗျာ။ ကောင်မလေးတွေ ကြွေလောက်တယ်။ :D

ကြယ်ပြာ said...

အများကြီးပဲနော် ....း)

ကြယ်ပြာ said...

အများကြီးပဲနော် ....း)

ကြယ်ပြာ said...

အများကြီးပဲနော် ....း)

ဗညားရှိန် said...

ဟားဟား ဆဲလ် တွေက သိန်းသန်းနဲ့ချီဆိုတော့ အချစ်တွေလည်း သိန်းသန်းချီနေတာပေါ့ ဟုတ်ပါ့ အများကြီးပါပဲ မနည်းမနောကြီးပါပဲဗျာ